koko

koko

Sunday, March 25, 2018

ခါးစည်းနီနှင့် မိန်းကလေး


.. ဒီချောင်းက “မူး” ကိုသွားသလား “ဥရု” ကိုသွားသလား.. မောင်ရွှေဝါက မေးလိုက်သည် “မူး
ချောင်း” ကိုလွန်သောအခါ တောင်ကုန်းကလေး တစ်ခုကို တက်ရသည် ဤတောင်ကုန်းသို့ မရောက်မှီမှာပင် အသံများကိုကြားရသည်။
“ ဟီး …ဟီး.. ”
မြင်းဟီးသံများ ပင်ဖြစ်သည်။
မြင်းတွေ ရှိသားပဲ..
ဒီကနေ ဟိုဘက်ကို ဘယ်လိုမှ မြင်းစီးလို့မရဘူး ဒီနယ်က လူတွေဟာ ဒီခရီးကို ဘယ်တော့မှ မြင်းနဲ့ မသွားဘူး ဒီလူတွေဟာ “ လူစိမ်းတွေဖြစ်မယ် မင်းမှုထမ်းတွေဖြစ်ရင်ဖြစ်မယ်”
သူတို့လည်း ခြေသံလုံလုံထိန်း၍ လိုက်သွားကြသည်၊ တောင်ထိပ်နှင့် ခဲတစ်ပစ်လောက် ရောက်သောအခါတွင်..
" ချွင်း.. ချွမ်း.".
.“ ဓါး ခုတ်သံများ” ကို အဆက်မပြတ် ..ကြားရတော့သည်။ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် ပြိုင်တူပြေးတက်သွားကြသည်။ မမျှော်လင့်သော မြင်ကွင်းကြောင့် နှစ်ဦးသား အံ့အားသင့် သွားကြသည်။
“ ဟင် .. ဟာ..”
တောင်ခြေကွက်လပ်တွင် ဘုရင့်တပ်မတော်သားများနှင့် ပြိုင်၍ ဓါးချင်းခုတ်နေသူမျာ ငယ်ရွယ်သော အမျိုးသမီးလေးနှစ်ဦးဖြစ်သည်။
မောင်ရွှေဝါက လက်ထဲမှ သေနတ်ဖြင့် ထိုးချိန်လိုက်သည်။
“ နေဦးလေ ကြည့်လို့မကောင်းဘူးလား” ဘကြီးမုံးက သေနတ်ပြောင်းပေါ်တွင် လက်တင်၍ တားလိုက်လေသည်။
ဘုရင့်လူတွေနဲ့ ကောင်မလေးနှစ်ယောက် တိုက်နေတာပဲ
“ မပူပါနဲ့ကွယ် တို့ဆီက ကောင်မလေးတွေ ဒီလောက် မတုံးပါဘူး… လာ.. လာ.. ဟိုအကွယ်က သွားကြည့်ရအောင် လိုရင်တော့.. ၀င်ကြတာပေါ့…”
ဘကြီးမုံးနှင့် မောင်ရွှေဝါသည် ၀ါးရုံတစ်ခုကိုကွယ်၍ ဘေးတိုက် ထိုင်လိုကြသည်။ အောက်ဘက်တွင် သဲသဲမဲမဲ ခုတ်နေကြသူများကို အနီးကပ်မြင်ကြရသည်။
ဘုရင်တပ်မတော်သားများနှင့် "ဓါးချင်းဆိုင်နေသော အမျိုးသမီးတစ်ဦး" သည် ကိုယ်လုံးကိုယ်ထည် သေးငယ်သော်လည်း အသက်အရွယ်မှာ မငယ်တော့ပြီကိုတွေ့ရသည်။ ဆုံးဆယ်ကျော်ကျော် ဆေးဆယ်နီးပါးခန့်ဖြစ်သည်။ သို့ရာတွင် သူမသည် သန်မာငယ်ရွယ် ဖျတ်လတ်သော ဘုရင့်စစ်သည်တော်ကြီးများကို ကောင်းစွာ ခုခံနိုင်ရုံမျှမက ယှဉ်ပြိုင်၍ပင် တိုက်ခိုက်နိုင်သည်ကို တွေ့မြင်ရသည်။ ဘုရင့်တပ်မတော်သားသည် ငှက်ကြီးတောင်ဓါးကြီးကို ကိုင်ဆောင်ထားသဖြင့် ချွန်ထက်နေသော ဓါးဦးကို အားကိုးအားထားပြုပြီး တိုက်ခိုက်နေသည်။ ၀မ်းဗိုက်ကို ထိုးဖောက်နိုင်ရန် အကြိမ်းကြိမ် ကြိုးစားသည်။ ရင်ကိုခွဲရန် အဖန်ဖန်အားထုတ်သည်။ သို့ရာတွင် အမျိုးသမီးသည် အဦးအချွန်မရှိသော အဖျားကားသော လေးကင်းဓါးနှင့် ဖြစ်၍ ရန်သူ၏ ဓါးကို အနှောင့်နှင့် ရိုက်ထုတ်သည်၊ ရန်သူသည် လည်ပင်းကို တိခနဲပြတ်သွားစေရန်တွက်သည်၊ ပိုင်းသည်၊ နောက် အမျိုးသမီးတစ်ဦးကား ငယ်ရွယ်နုပျိုသည် ထုမျှသာမက အဆင်းလှအအင်းလှသည်။ ဖျတ်လတ်သွက်လက်သည်။

... သူမသည်လည်း “ ရိုးရာ လေးကင်းဓါး” နှင့်ပင်ဖြစ်သည်။
သို့သော အတိုက်ခိုက်တွင် ပိုမို၍ ကျွမ်းကျင်လိမ္မာသည် သူမနှင့် ဖက်ပြိုင်မိသော စစ်ဝတ်စုံနှင့် ယောင်္ကျားရင့်မကြီးသည် ချွေးစီးများပင် ထွက်နေပြီဖြစ်သည်။ မကြာမှီသူမ၏ဓါသည်း ရန်သူကုပ်ပေါ်သို့ အရှိန်ပြင်းစွာ ကျသွားသည်။ ခဏမျှ လူးလွန့်ပြီး ငြိမ်သွားသည်၊ သို့ရာတွင် ဓါးထိသည့်နေရာမှ သွေးများ သွန်ထွက်လာသည်ကို မတွေ့ရ လျှပ်တစ်ပြက်အတွင်းမှာပင် ဓါးကို လှည့်၍ အနှောင့်ဖြင့် ရိုက်ချလိုက်ခြင်းဖြစ်သည်။ အမျိုးသမီးသည် “ ထဘီအနက်ပေါ်မှ ခါးပန်းစည်းအနီ” ကို တင်းလိုက်သည်။
ထိုစဉ်တွင် မြင်းခွာသံများကြား၍ ဘကြီးမုံးနှင့် မောင်ရွှေဝါကြည့်လိုက်ရာ …

“ခါးစည်းနီနှင့် အမျိုးသမီးထံသို့ မြင်းတစ်စီး ဒုန်းစိုင်း”
လာသည်ကိုတွေ့ရသည်။ အမျိုးသမီးသည် သွက်လက်စွာ ရှောင်တိမ်းနိုင်လိုက်သဖြင့်သာ မြင်းပေါ်မှ ကျလာသောဓါးချက်နှင့် လွတ်ကင်းသွားသည် မြင်းသမားကို အသေအချာ ကြည့်လိုက်မိသောအခါတွင်ကား မြင်းနှင့်တိုက်သာသည် သာမန် ဘုရင့်စစ်သားတစ်ဦးမျှ မဟုတ်ဘဲ ကြွားကြွားရားရားနိုင်လှသော ဗိုလ်တစ်ဦး ဖြစ်သောကြာင့်ပင် ဗိုလ်မင်းသည် မြင်းကို ရုတ်ခြည်း တုံ့လိုက်ပြီး အမျိုးသမီးထံသို့ ဓါးကိုလွှင့်ယမ်း၍ စိုင်းသွားပြန်သည်။
ဤတစ်ကြမိလည်း အမျိုးသမီးက ပွတ်သီကပ်သီ ရှောင်ပေးလိုက်ပြန်သည်၊ မလှမ်းမကမ်းတွင် ဓါးချင်း ခုတ်နေသော အမျိုးသမီးကြီးနှင့် စစ်သည်တော်ကြီးတို့ပင် အတိုက်အခိုက်ရပ်၍ အသည်းတုန် အူတုန်ဖွယ် အချင်းအခင်းကိုကြည့်နေကြသည်၊ ဗိုလ်မင်း၏ မြင်းသွားရာကကို ကြည့်မိတော့မှ တောင်ခြေရင်းတွင် အခြားယောက်ကျားကြီး နှစ်ဦး ရှိနေသေးသည်ကို တွေ့ရသည်။ တစ်ယောက်မှာ မြင်းပေါ်တွင် တင်းပါးလွှဲထိုင်နေသော “မျက်နာဖြူတစ်ဦးဖြစ်နဘေးတွင် သေနတ်ကိုင် တပ်သားတစ်ဦး” တို့ဖြစ်သည်။
ထိုအချိန် ဗိုလ်မင်းသည် ကွင်းအလယ်၌ အထီးတည်းရှိနေသော အမျိုးသမီးထံသို့ အဟုတ်ပြင်းစွာ လာနေပြန်ပြီဖြစ်သည်။ မောင်ရွှေဝါက သေနတ်ဖြင့် ချိန်လိုက်ပြန်သည်၊ ဘကြီးမုံးက ဆတ်ခနဲဆွဲယူ ထားလိုက်သည်၊ သူက ဓါးကိုနုတ်၍ ထမည်ပြုပြန်သည် “ ဘကြီးမုံက သူ့လက်ကို ဆုပ်ထား” လိုက်သည်။ ထိုစဉ်မှာပင် သူတို့ အံ့သြဖွယ်ရာ အဖြစ်အပျက်တစ်ခုကို တွေ့မြင်လိုက်ကြရသည်။ မျက်စိတစ်မှိတ် အတွင်းတွင် ဒုန်းစိုင်းလာသော မြင်းပေါ်သို့ “ ခါးစည်းအနီနှင့် အမျိုးသမီးရောက်ရှိ” သွားသည်၊ တစ်ဆက်တည်းမှာပင် “ ဗိုလ်မင်းသည် မြင်းပေါ်မှ ကျသွားသည်”။ မြင်ရသူအားလုံးကပင် အာမေဍိတ်သံ ကိုပြုလိုက်ကြသည်။

ပို၍အံ့သြစရာကောင်းသည်မှာ “ ခါးစည်းနီမှင့် အမျိုးသမီးသည် မြင်းကို မတ်တတ်ရပ်၍ စီးသွားသည်”။ မြင်းဇက်ကို မသတ်ဘဲ ခေါင်ချိုးတွေ့လိုက်သည်၊ ထိုးနောက် မြေပြင်တွင် ပတ်လက်ကြီးရှိနေသော ဗိုလ်မင်းထံသို့ ဒုန်းစိုင်း၍ လာသည်။။ သူ့အလှည် ကိုယ့်အလှည့်ပင်ဖြစ်တော့သည်။ ဗိုလ်မင်းသည် လက်နှစ်ဖက်ကိုမြှောက်၍ ပါးစပ်ကြီးကိုဖြဲ၍ ကြောက်အားလန့်အား ဟစ်ဟော်နေသည်။
မော်ရွေဝါသည် ဘုရင့်သူရဲကောင်းကြီးကို ကျေးတောသူတစ်ဦးက မြင်းနှင့်တိုက်သတန်မည်ကို စိတ်အားထက်ကြွစွာ စောင့်ကြည့်နေခိုက်…
“ သေနတ်သံနှစ်ချက်” ပေါ်ထွက်လာသည်။
ဒိုန်းစိုင်းလာသော မြင်းကြီးသည် ဗိုလ်မင်းအနီးသို့ ရောက်လုဆဲဆဲတွင် လဲကျသွားသည်။ မတ်တတ်ရပ်၍ လိုက်ပါလာသော အမျိုးသမီးလည်း မြေပြင်တွင် နှစ်ပတ်သုံးပတ် လိမ့်သွားသည် သေနတ်သံတချက်သည် သူ့အနီးမှကပ်၍ ထွက်ပေါ်လာခြင်းဖြစ်၍ ကြည့်လိုက်ရာ ကျေနပ်အားရနေသော ဘကြီးမုံးကိုတွေ့ရသည်။ ဘကြီးမုံးသည် “ တစ်နေရာသို့ မေးငေါ့ပြသည်”။ စောစော မြင်းပေါ်တွင် အခန့်သား ထိုနေသော “ မျက်နှာဖြူ ယခုအခါ ဘယ်ဘက်ကို ညာလကဖြင့်ဆုတ်ထားသည် သွေးများစီးကျ” နေသည်။ မြင်းနှင် မလှမ်းမကမ်းတွင် သေနတ်တစ်လက်ကျနေသည်။

နောက်မှ သိရသည်မှာ ဗိုလ်မင်းကို အမျိုးသမီးက မြင်းနှင့်တိုက်မည်ရှိစဉ် မျက်နှာဖြူက အနီးတွင်ရှိသော တပ်သား၏လက်မှ “ သေနတ်ကိုဆွဲယူ၍ ပစ်ခြင်း” ဖြစ်သည်။ ယင်းအဖြစ်ကိုမြင်သော ဘကြီးမုံးက အလျင်ဦးအောင် ပစ်လိုက်ခြင်းဖြစ်သည်။ သို့ရာတွင် မျက်နာဖြူသည် လက်တွင် ကျည်သင့်ချိန် အချိန်မှာပင် သေနတ်မောင်းကို ဆွဲလိုက်နိုင်သဖြင့် ကျည်ထွက်သွားသည်။ မြင်းပေါ်တွင် မတ်တတ်ရပ်နေသူ၏ ရင်ညွန့်ကို တည့်တည့်ချိန်ထားသော ပြောင်းအောက်သို့ စိုက်သွားချိန်မှ ကျည်ထွက်သည်ဖြစ်၍ လူကို မမှန်ဘဲ မင်းကိုထိမှန်းခြင်းဖြစ်သည်။
ထိုအခြေနေကို အခွင့်ကောင်းယူကာ “ ဗိုလ်မင်းအခွင့်ကောင်းယူ၍ ထပြေး” မည်ပြုသည်။ သို့ရာတွင် သူ့ထက်လျင်သော “ အမျိုးသမီးက ဓါးဖြင့် မိုးထား” လိုက်သည်။

... သို့ဖြင့် မြင်းပေါ်တွင် ဒဏ်ရာရနေသော မျက်နာဖြူ အနားတွင် ကြောင်၍ရပ်နေသော တပ်သား အမျိုးသမီးကြီးနှင့် ဓါးခုတ်ခဲ့သော တပ်သားတို့သည် ကြောင်စီ၍ ရပ်နေကြရတော့သည်။ သူတို့တစ်တွေ မည်သို့မျှ မလှုပ်မရှားဝံ့ဘဲ ရှိနေသည်မှာ သူတို့ဗိုလ်မင်းကို ဓါးမိုးထား၍ တစ်ကြောင်း အမည်မသိနေရာမှ အမှတ်မထင်ဘဲ ထွက်ပေါ်လာသော သေနတ်သံတစ်ချက်ကြောင့် တစ်ကြောင်းဖြစ်သည်။ တောင်ပေါ်တစ်နေရာမှ ထွက်ပေါ်လာသော သေနတ်သံ အတွက်မူ ဗိုလ်မင်းတို့သာမက အမျိုးသမီးနှစ်ဦးကလည်း အံ့အားသင့်လျက် နားမလည်နိုင်ဘဲ ရှိနေကြသည်။ သူတို့အားလုံးပင် တောကြည့်တောင်ကြည့်ဖြစ်နေကြသည် ဤအတွင်းမှာပင် ဘကြီးမုံးသည် သေနတ်ကိုကျည်ထပ်ဖြည့်လိုက်ပြီး “ တစ်ယောက်မှ မပြေးကြနဲ့ ကျောကို ကျည်ဖောက်သွားမယ် မိန်းမနှစ်ရှေ့မှာ လေးယောက်စလုံး ထိုနေကြ…” ။

နင်တို့လို “ သူရဲကောင်းတွေ ရတာနပုံမှာ ဘယ်နှစ်ယောက်ရှိသေးသလဲ” “ မိန်းးမနှစ်ယောက်ကို တိုက်ရဲတဲ့ ယောင်္ကျားကြီးငါးယောက်ပဲ တစ်ယောက်ကတော့ မိန်းမဓါးချက်နဲ့ သေရရှာပြီ..”
… ဗိုလ်မင်းကမူ အမျက်ဒေါသ ပြင်းသော မျက်လုံးများဖြင့် ဘကြီးမုံးကို စိုက်ကြည့်သည်။
“ ဘုရင့်လူတွေကို အနောင့်အယှက်ပေးတာဟာ ဘုရင်ကို ပုန်ကန်တာပဲဆိုတာ သိရဲ့လား..”
သူကခြိမ်းခြောက်လိုက်သည်၊ သူ့စကားကြောင့် ဘကြီးမုံးက …
“ဟား.. ဟား… ဟက်ဟက်ပက်ပက်” ရယ်မောလိုက်သည် မောင်ရွှေဝါက သူသည် လူများကို ဓါးနှင့် အပိုင်းပိုင်းခုတ်ပစ်နေချင်ပြီဖြစ်သည်။
…အမျိုးသမီးနှစ်ဦးက သူတို့နှစ်ဦးကို အကဲခတ်လျက်ရှိသည်။
ဘုရင့်လူတွေက ရွာသူရွာသားတွေကို နှိပ်စက်ညဉ်းပန်းပြီး ရွာသူရွားများတွေက မခံမရပ်နိုင်လို့ ကိုယ့်အသက် ကိုယ်အရှက်ကို ကာကွယ်ကြတဲ့အခါမှာ “ သူပုန်တွေလို့၊ သူခိုးဓါးမြတွေလို့ ဆိုကြတာပဲအေး..”
ကျုပ်တို့က စော်ကားတာမဟုတ်ဘူး ဒီမိန်းကတွေကသာ ဘုရင့်အမှုတော်ကိုထမ်းရွက်နေတဲ့ ကျုပ်တို့ကို မချေမခံပြောလို့ ဆုံးမရတာ..
..“ အော်.. နင်တို့က မဖွယ်မရာ လာလုပ်တာကိုး”
ခါးစည်းနီနှင့် အမျိုးသမီးက ပြောလိုက်သည်။ သူမ၏ အသံသည် ကြသည်။ငြိမ်သည်။ ကောင်းပါတယ် ဗိုလ်မင်းတို့ ကျောင်းမှန်းကန်မှန်းသိသွားတာပေါ့ ကျုပ်တို့ဆီက မိန်းမတွေ ဘယ်လောက် ဓါးထက်တ်ဆိုတာ သိရတာပေါ့..
“ ဒီအရေးကို ၀န်းသိုစော်ဘွားတိုင်ရမယ်..”
ဗိုလ်မင်းက ထိုင်ရာမှ ထလိုက်သည် မောင်ရွှေဝါက ဓါးကိုချွတ်၍ ဗိုလ်မင်း၏ ပုခုံးကိုဖိထားလိုက်သည်။ ထပါစေ မောင်ရွှေဝါ ဒီတစ်ချီတော့ လွှတ်လိုက်သေးတာပေါ့ အခုအချိန်က ဘုရင့်လူတွေကို ဖမ်းဆီး သုတ်သင်ရမယ့် အချိန်မဟုတ်သေးပါဘူး..
ဘကြီးမုံးက ပြောလိုက်သဖြင့် မောင်ရွှေဝါက ဓါးကို ရုပ်လိုက်သည် သို့ရာတွင် အမျိုးသမီးများက ဘကြီးမုံး၏ စကားကို သဘောမတူချေ၊
 ဘကြီးတို့က လွှတ်ပေမယ့် ….

“ ကျွမတို့ မလွတ်နိုင်းဘူး ဒင်းတို့ကို အူထုတ်ပြီး နေလှန်းရမယ်..”
ဗိုလ်မင်း၏ မျက်နှာဝိုင်းကြီးသည် အမျိုးသမီး၏ ကြိမ်းဝါးမူကြောင့် သွေးဆုတ်သွားသည် သို့ရာတွင် မျက်နှာကို ချက်ချင်းပြင်လိုက်သည် နှုတ်ခမ်းမွေးတွင် သီးနေသော ချွေးပေါက်များကို လက်ဖမိုးဖြင့် သုတ်ပစ်ရင်း…
“ မယ်မင်းကြီးမတွေ စကားကို သတိထားပြောနော် သူပုန်သူကန်ဖြစ်ပြီး တံကျင်လျှိုခံရမယ်..”
အမျိုးသမီးက ဓါးကို မြှောက်လိုက်ရာ ဘကြီးမုံးက သေနတ်ပြောင်းဖြင့် ခံထားလိုက်သည်
အေး ဒေါသမကြီးနဲ့ သူတို့က.. “ အဘုရင့်အမှုတော်နဲ့ လူတွေ ဆိုကြဦး ဗိုလ်မင်းတို့ ဘယ်ကလာပြီး ဘယ်ကိုသွားကြမလို့တုန်း”
ကျုပ်တို့ကို “ ဘယ်သူမှ အစစ်အဆေး မရှိရဘူးလို့” အမိန့်တော် ရထားတယ်..
ဗိုလ်မင်းက အမိန့်တော်နှင့် ဘုရင်နှင့်ချည်းခြောက်နေသည်။
ဗိုလ်မင်းတို့ကို ကျုပ်တာဝန်ထားပြီး လွှတ်လိုက်မယ် ဟောဟိုလူကို ဗိုလ်မင်းတို့ တာဝန်ယူမလား
ဘကြီးမုံးက မလှမ်းမကမ်းမှ အလောင်းကိုပြ၍ မေးသည်။
ကျုပ်တာဝန်ရှိပါစေ…
ဗိုလ်မင်းက မဆိုးမတွဖြေသည်။
ကတိနော်ဗိုလ်မင်း ….
-ကျုပ်သိပါတယ်
-ကဲသွားကြပေတော့..

 - ထုတ်နုတ်
မြန်မာပြည်မြောက်ပိုင်းမှ

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်