koko

koko

Wednesday, September 18, 2019

သမိုင်းထဲက ဗန်းမောက်နှင့်ပင်လယ်ဘူးနယ်စပ်က ပုဂံနဲ့ ခေတ်ပြိုင် စေတီများ



သမိုင်းက ပြောတဲ့ ဗန်းမောက် ပင်လယ်ဘူးနယ်စပ်က ပုဂံနဲ့ ခေတ်ပြိုင် စေတီများ

မြန်မာ့သမိုင်းတွေမှာတော့ မြန်မာပြည်မြောက်ပိုင်းက ရှမ်းတွေဟာ ဘုရင်နောင်ခေတ်မှ  ဗုဒ္ဓဘာသာအဖြစ် သွပ်သွင်းခဲ့သည်ဟု အာဘောင်အာရင်းသန်သန်ဖြင့် မြန်မာ့သမိုင်းဆရာတစ်ချို့က ရေးကြသည်။ မိုးကောင်း၊ မိုးညှင်းရှမ်းနီဒေသတို့တွင်လည်း ပုဂံနှင့်ခေတ်ပြိုင် စေတီပုထိုးတော်များ ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။

အောက်ပါစာများသည် တိလောကမာရဇိန်စေတီတော်မြတ် ကျောက်စာမှ မူရင်းအတိုင်း ရေးထားပေးခြင်း ဖြစ်သည်။

သက္ကရာဇ် ၁၇၄ ခု ပြာသိုလ္ဆုပ် ၁၀ ကျော်နေ့ မွန်းတိးအခြိန်တွင်။မိုးကောင်းတိုက်ပါ ပင်ဘောရွာနေကျောံစာဒါရကာ ဦးရွှေစိုးစာအမ မလုံသားသ္မီတစုတို့ နိဗာန်လက်ဆောင်


ဇေယျတု။ သမ္မာသမ္ဗုဒ္ဓ။ ဇိနုမန်ကူ။ သယမ္ဘူသင်းကျပ်။ ဓမ္မရာဇ်မန်ကင်း။ တရားမင်းဘုရားသည်။ ငါးပါးမာရ်ယုတ်၊ ရန်ခလုတ်ကို။ မကျန်သုတ်သင်။ အလျင်းတွင်သဖြင့်။ ကင်းစင်တော်မူရာ။ မဟာဗောဓိ။ သီရိပ၀ရ။ အဿတ္တဗုဒ္ဓဟေ။ အောင်မြင်ပုလ္လင်ဘွေအပြင်နှိုက်။ ဥာဏ်ဆင်ကွန့်မြူး။ ညဦးပုဗ္ဗေ။ မဇ္စျေဒိဗ္ဗ၊ မိုးသောထ၀ယ်။ အာသ၀က္ခယ။ ဥာဏသုံးဖြာ။ သစ္စာလေးဆင့်။ ကြာပုံလင့်သို့။ စွင့်စွင့်တမှတ်။ သဗ္ဗညုအထွဋ်လျင်။ ဥက္ကဌဓမ္မရာ၏ ဘုရားဖြစ်မူ။ သုံးခေတ်လောကါ။ ေ၀ေနယ်အား။ ဘုသုံးပါးမှ ထူးချား ရပ်မွန်ပြည်သီဝံသို့။ ဆောင်ညွန်ပို့သ။ နှစ်လရှည်ကြာ။ ၀ါ ၄၅။ လူနတ်အားကိုး။ ချွတ်ငြားကယ်ပြီး။ လျှံညီးတောပ။ စောဇိနသည် ။မြန်းကြွဆုန်းစွန်ပြည်နိဗ္ဗာန်သို့။စံလွန်ဝင်ကြွတော်မူသတည်။ ထိုသိုပရိနိဗ္ဗာန်။ မစံလွန်ခင်။ မြော်ပြင်ရူရာ။ နောက်နာဂတ်၊၊ သတ်မှတ်ပိုင်းခြားထွန်းကားစည်စွာ သာသနါများမြောင်၊ နှစ်ငါးထောင် တို့တွင်၊ အင်္ဂမဂဓ၊ တရွရံဆိုင်၊ တိုင်းကြီးနှစ်တိုင်းတို့၏။ ခွန်သွင်းသရာ။ မဟာနဂရ ရာဇဌာနီ အညီ၏ထို။ ရါဇဂြိုဟ်ဝေသော။ သညေ၀၀ုစ်။ ပညတ်ထုတ်သော။ ပါဠလိပုတ်၊ သမုဒ်ကျွန်းခွင်။လင်္ကာဒီပ၊ အမခေါ်ဆို။ သီဟိုဠ်သထုံ၊ကူးတုံညာမြေ၊ ရွှေမြို့ပြည်ဟု၊ သရေခေတ္တရာ၊ နန်လျာဆက်ခံ၊ ပေါက္ကံရာဇာ၊ နောရထာမင်းစောလ္ထက်။ တွင်မှ။ အရှင်မဟာကာလ၏ တပည် အရဟံမည်တော်ရှိသော ရဟန္တာအရှင်မြတ်သည်။ သုဓမ္မ၀တီ သထုံပြည်ကြီးတွင်၊ သာသနာတော်ကုန်၍ တမ္ပဒီပ နမဇကြည်။ ပေါက္ကံပြည်၌ သာသနာရှည်ညောင်း။ နှစ်ပေါင်းတထာင်တည်လတံ့သည်ကို။ သိမြင်တော်မူသည့် အလျှောံ။ ကြွရောံတော်မူခဲ့သဖြင့်။ ၎င်းပေါက္ကံပြည်၌ သာသနာတော်နေ၀န်။ တည်ထွန်းတောံပလျက်။ ပေါက္ကံပြည် သာသနာဝင်။ ၁၀၄။နှစ်ရှိသောအခါ နရပတိ ဘုန်ရှိသနင်း၊ ထိုမင်း၏လက်ထက် တွင်မှ။ 

အရှင်အာစာရမထေရ်မြတ်သည်။ ဘဂ၀ါသုံးလူ၊ သဗ္ဗညု၏ ဓါတုသရိယာ။ ဆောင်ယူကာလျှင်၊ အညဒေသရပ် ဌါန၌ ဇိနမဟေသီမွေသရီကို၊ စေတီသုံးဆူ။ တည်ထားမူကား။ နတ်လူဦးခိုင် ညွတ်ဝိုက်ရှိပန် တောင်းဆုညွန်လျှက် နိဗ္ဗာန်မျိုးစေ စိုင်ပျို့လေ့လိမ့် မရွေးဧကန် အမှန်ရိပ်မြွက် ဗျာဒိတ်ချက်ကြောင့် နှစ်သက်ဝမ်းမြောက်ကြွရောလာငြါး၊ ထင်ရှားပကတူး ထိပ်ရှေးဦးဖြင့် မယူဂါမ နေပြီးမလျှင် များလှဒါကာ။ မိန့်သြ၀ါကြောင့် သဒ္ဓပွါးကြွယ်၊ ကိုးကွယ်ဆည်းကပ်၊ ထေရ်ရှင်မြတ်လည်း မွေဓါတ်ကိန်းပျော် စေတိတော်ကို အဟေါင် အစ္ဆရိယံဝတ ကျော်ဇေးဝဖြင့်၊ ဇေကြွပီတိ၊ စိုးရွှန်းရှိလျက်၊ များချိဒါယကာ ကူညီညာကြ၍ ဦးစွာရှေးပျာ။ တည်ခဲ့ထား၏ တည်ထားမူလခေမံသို့ ၀င်စပြီနောံ ဆိုက်ရောံသာသနာ ၁၆၇၈ နှစ် တပေါင်းလပြည့် သောကြာနေ့ နေမွန်းတည့် အချိန်တွင် မံယူးဌာန ရွာကင်းမ၀ယ် ထိုက်ရသ္မိုင်း။ ထွက်သည့် တိုင်းလျှင် ချိနိုင်းမြင်ပေသည် မြေသီရိ ဘုမ္မိနက်သံ ကျိတ်ခံထူးလတ်၊ ထိုမြေမြတ်တွင်မွေဓါတ်သရိယ ထူးပ၀ရကို အစလက်မွန် တည်ထားမှတ်သည်။ ရောင်လျှံထွန်းတောံ ဘိသိတ်မြောံသဖြင့်၊ ထက်အောံကြွက်ညံ ဘ၀က်လျှံမျှ ထက်သံနုတော် ကောင်းချီးကျော်သဖြင့် ပြီးစီးတော်မူလေပြီ၊
၁၊ ၎င်းထိုနောံ ကြွရောံတုံလာ၊ သံအနောံတာ မော်လိပ်၊ အတိတ်ခေါ်ညွန်း မည်နံမှန်တွင် ကုန်စွန်ထိပ်ဖျား တည်ခဲ့ထားသည်မှာ သာသနာဝင် သက္ကရာဇ် ၁၁၃ ခုကောဇာ သက္ကရာဇ် ၅၀၁ ခု သာသနာတော် ၁၆၈၃ နှစ် ဥတုသမယ ဟေ့မန္တနောင်၊ တပေါင်းလပြည့် ဟူးနေ့ နံနက် ၄ ချက်တီး စေတီကြီးကို ရွှေတီတင်လှူပြီးစီးတော်မူ၏ ၎င်းထိုနောံ ဘုန်းတောံအတုလံ ပြည်သိဝံသိုံဝင်စံပြီးခါ၊ နှစ်ကောဇာမူ။ ၅၀၃ ခု လုဘသာသနာ သင်္ချာအဖြောင့် ၁၆၇၅ နှစ် တပေါင်း လပြည့် စနေနေ့ နံက် ၄ ချက်တီ အချိန်တွင် မည်တင်ဝေးနီး မံစီကြီး မံဝိန်းရွာ၌ အာစာမည်လတ် မထောရ်မြတ်သည်။ မွေဓါတ်ကိန်းပျော်စေတီတော်ကို တင့်လျော်အံ့ခြီ တည်ထားပြီးစီးတော်မူ၏

၃။ ထိုအရှင် အာစါရ သမ         ဏထေရ်ဖျား တေည်ခဲ့ထားသော ဘုရါသုံးဆူ လိုဏ်မူမြေနင်း တည်ရင်းအစ ရွာကင်းမဟု လင်းပြထင်ထင် အစင်ဆိုရိုး ကျော်ဟိုးဟိုးတည်း၊ မညှိုသညာ တေဇာထူးလီ မွေသရီဟု ဝေသီဖြိုးမြင့် တန်းခိုးဝင့်သာ မိုဃ်းပြင့် အဇဠါ စွင့်စွင့်ဖြာလျက် အာကာဘ၀က် အောံထက်ထုတ်ခတ် မယုတ်မြတ်သော ဥက္ကဌါဖြိုးမော် စေတီတော်သည် နွမ်းလျော်ရွေရှား ပျက်ပြားယိုယွင်း ထီးဟောင်းမြင်း၍ ဆက်လျင်းတဘန် သစ်ထပ်မံ၍ ကြံစည်အားထုတ် အုပ်အကတေ နရပတေ တို့ဖြင့် ပြစ်ပြေလိမ်းကျံ မွန်ထပ်ပြန်မှ လျှော်ကံတင့်ရှောင်း ယင်းထီးဟောင်းကို ရွေပြောင်းပယ်ပြီး အသစ်ထီးဖြင့် ရောင်ညီးပျပျ ရွှေမွန်းချလျက် တင်လှသပ္ဗါယ် သစ်ချယ်လှယ်အံ့ ကြံရွယ်စိတ်ထား တိုင်းစားရူမြော် ဘုန်းတော်ကြီး ဘုရားဦးဂန္ဓမာလာ ထေရ်ဆရာနှင့် ဒါရကာလူကြီးဝေးနီးပျန့်မွေး မောင်ငွေလေးတို့ စည်ဝေးညီညာ တိုက်သင်္ဃာတို့နှင့် တိုက်ပါအားလုံး စုရုံးအများ ယောကျားမိန်းမ တိုင်ပင်ကြ၍ တူကွစေ့စပ် အရပ်ရပ်လုံးစုံ သိမ်းချုံစုသောင်း ငွေပေါင်းသပြာ စေတနာနှင့် သဒ္ဓါပသန္န တတ်အားသမျှဖြင့် စုကြဆုံပြီး ဝေးနီးဒေသ ကြားသိကြသော ကြွသဒ္ဓါဇော ပဌနစောလျက် ထိုတို့သောရပ်ရွါ လူများစွာတို့ ဆုံလာကူလျက် အုပ်ကျက်ကော်ရော် စေတီတော်ကြီး ပြုပြင်ပြီးက ရွေထီတင်လှူကြံရွယ်ချူတိုင်း မငြူမသုံ ကိစ္စကုံဖြင့် ပြည့်စုံထမြောံ ချိန်ထောံ သမယ လက်ဦးစလည်း တနှစ်ထည်းပင်ပြီ စီဖြောင့်ဖြောင့်၊ ကွေးမနှောင့်ဘဲ


 ၁၂၇၁ ခု ဥတုချိန်မှန် ဟေမန္တနှောင်း တပေါင်းမာသဆန်း ပက္ခ ၁၁ ရက် မပျက်မှန်စွာ နေ့သောကြာဝယ် အခါမွန်းတည့် ချိန်မှန်းပြည့်နှိုက် လျှမ်းလှည့် ရှောင်လက် ပြိုပြက် ထိန်ညီး မြတ်ရွှေတီကို မြှောံခြီး၍တင် များလှူရှင်တို့ ကြည်လင်စိတ်သံ ပူဇော်ပွဲခံလျှက် ကျွတ်ညံချိမ်စီ ပုဏ္ဏမီဟု တီတီမန္နရ ရောင်ရွန်းပသော သီဟဒီဂါရက် အက်နှိုက်ထက်စွာဗလ၀ များလှလူများ ရပ်ခြားဝေးမြေ လာကြပေသည်။ ဗိုလ်ချေအပ်အာ ဥပါသဏဥပါသကီ စုံလင်ညီလျက် ဘူသီခရစ် မဟီစစ်နှင့် မြစ်အဏ္ဏ၀ါ သွက်သွက်ခါမျှ သဃာတော်ပေါင်း ဆွမ်းကြီးလောင်း၏ ညွတ်ပျောင်းနူမော် ကောင်းချီးခေါ်သာ ပူဇော်ပွဲခံ သဲသဲလျှံတိ ထုန်းစံပြုလျက် ရှေ့ကိုဆက်အံ မပျက်နှစ်စဉ် မှန်ပင်မုချ မြနိစ္စတိ မှတ်ကြရန်အပြီး စေတီကြီး၏ လျှံညီးတင့်လျော် ဘိနိပ်တော်ကား နောင်သောမှတ်ဘွဲ့ တဆဲ့လေးတောင် တမိုက် မရိုက်ပိုမောံ လေးသစ်မြောံ၏ ထိုနောံရပ်တော် မြင့်ညဏ်တော်ကား ရှုမျော်တိမ်ငဲ့ နှစ်ဆဲ့ရှစ်တောင် တမိုက် လေးသစ် တလစ်လုံးပတ် တင့်အပ်ရောင်ရွှန်း အ၀န်းတောင်ပေါင်း မှတ်ရှောင် ငါးဆယ် ထီးတော်ဝယ်ကား အလွယ်မှတ်လျင် အချင်းသုံးးတောင် ကိုးတောင်လုံးဝန်း ပြညွန်းတဘော် ထီးတော်အမြင့် ရသင့်တောင်နူံ တဆွဲသုံးဟု နှဏ်လုံးမြဲစွာ စွဲပိုက်ခါလျင် နောင်လာလူများ မှတ်စိမ်သားဟု ထားခဲ့သေချာ လေးမျက်နာ မှတ်ခင်း လိုဏ်မြေနှင်းတည့် လျှံဝင်းပြိုးပြောင် မိုးလုံးလောင်မျ ရွှေတောင်ကြီးလား ဘိတိတ်ကြွားသည် ရွှေသားမွန်ချယ်လွန် တင့်တယ်လျှက် အံဘွယ်မဆုံး လျှပ်စစ်ဟုံးသို့ ရွှေတုံးရွှေဆိုင် ရွှေတိုင်ရောင်လျမ်း ရွှေသင်္ဃန်းဖြင့် ရုံလွှမ်းခြယ်လှယ်တသွယ်တ၀ ပြုပြင်ကြသော ကုန်ကျငွေပေါင်း သောင်းပြောင်းရောရူ နောခုတွက်သော သုံးတောင်ကျော်ဖြင့် ထုတ်ဘော်ပြထားနောံသားနောံလာ များစွာဗိုလ်လူ ဦးဖြူ ဦးနက် မှတ်ချက်သေချာ ကျောစာကမ္ဗည်း သိပ်သည် ညွန်ပြ ၁၂၈၀ ခု ဥတုဟေမ ဆုံးထကုန်ညောင်း တပေါင်လပြည့် သောံကြာနေ့ နေမွန်းတည့်အချိန်တွင် နာဂိန်ခွင့်ပို ရွှေမြင့်မိုရ်ကံသို့ ဗဟိုဠ်လျံဆုင် ကျောံစာတိုင်ကို မြဲခိုင်ကြံကြံ ထဲ့အံ့ဖြိုးမောံ ထူစိုကတောံသားထက်အောံကြေညာ စကြာဝဠါ အနန္တ ခေတ္တသုံးခွင် မြေပြင် သုန္ဒရီ သုမ္မဟီက နဒီအဏ္ဏ၀ါ အာကာဘ၀က် နရက်အောံထပ် အရပ်ရပ်သူ နတ်လူဗြိဟ္မာ သတ္တ၀ါတို့ကို ညီညာရကြောင်း ဝေဌရှောင်း၏ ပေါင်းစုဆုံပြီး ဝေးနီရပ်ရှိ လာသူမချို သူငါတို့မှ စသည့် အများပြုစုထားသော များပြာ ဒါန သက္ကာရပူဇော် ရှိဘူးမြော်သား အဟောဝတပြုကြရသော ပုံညထိုထို ဤကုသိုလ်တို့ကြောင့် မက်ဖိုလှ်ဆုံးစွန် တောင်းဆုညွန်သည် နိဗ္ဗာန်ထုတ်ချောံရောက်၍ လိုကုန်သောဝ်


 - ထုတ်နုတ်
တိလောကမာရဇိန်စေတီတော်မြတ် ကျောက်စာ


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်